အိမ်ပြောင်းဖြစ်ခြင်း



ဘဝမှာ ကိုယ်က အကြီးနေရာကနေ တစ်အိမ်လုံးကို တာဝန်ယူ တာဝန်ခံပြီး ပြောင်းရွှေ့ခဲ့တာ ဒါက ဒုတိယအကြိမ်ပါ။

ပထမအကြိမ်ကတော့ ဦးလေးကပေးတဲ့ အိမ်လေးပါ။ ပိုက်ဆံ မပေးခဲ့ရပါဘူး။

ဒီတစ်ကြိမ်ကတော့ အိမ်ခန်းငှားခပေးပြီး ပြောင်းရွှေ့ခဲ့တာပါ။ ၂၀၂၁ ခုနှစ်ရဲ့ ပထမဆုံးနေ့ရက်ဖြစ်တဲ့ ဇန်နဝါရီ ၁ ရက်နေ့မှာ ပြောင်းရွှေ့ခဲ့တာပါ။ ညီ ၂ ယောက်နဲ့ပေါ့။ ဒီအိမ်လေးကို အကိုဖြစ်သူက အကြံပေးပြီး အိမ်ခန်းငှားခပါ စျေးသက်သက်သာသာဖြစ်အောင် လုပ်ပေးခဲ့တာပါ။

ဘဝမှာ မိတ်ဆွေတွေကြောင့် အကူအညီကြောင့်သာ ဒီလောက်အခြေအနေထိ ဒီလိုမျိုး စိတ်အေးလက်သာ ကိုယ်လုပ်ချင်ရာကို နားအေးပါးအေး လုပ်ကိုင်ခဲ့ရတာပါ။ မိတ်ကောင်းဆွေကောင်းဆိုတာ ဒီဘဝတင်သာမက တစ်သံသရာလုံးမှာထိ အရေးကြီးတယ် လို့ ဗုဒ္ဓမြတ်စွာက မိန့်မြွက်ကြားခဲ့ပါတယ်။ မိတ်ကောင်းဆွေကောင်း အားလုံးကို ကျေးဇူး အထူးတင်ရှိပါတယ်။


23.1.2021

10:50 am

Comments