၂၀၂၁ မှာ အကောင်းဆုံးနဲ့ ရေပန်းအစားဆုံး CMS ပလက်ဖောင်း ၁၅ ခု (နှိုင်းယှဉ်ပြခြင်း) - အပိုင်း ၄
အပိုင်း ၁ နဲ့ ၂ မှာ ၂၀၂၁ ရဲ့ အကောင်းဆုံးနဲ့ ရေပန်းအစားဆုံး CMS ပလက်ဖောင်း ၁၅ ခုထဲက ပထမ ၁၀ ခုကို အားသာချက်၊ အားနည်းချက်တွေနဲ့ စျေးနှုန်းတွေကို နှိုင်းယှဉ်ပြခဲ့ပါတယ်။ ကျန်တဲ့ ၅ ခုကို အပိုင်း ၄ (နောက်ဆုံးအပိုင်း) နဲ့ ဖော်ပြပေးလိုက်ပါတယ်။ ကိုယ်ရေးချင်နေတဲ့ ဝဘ်ဆိုဒ်ပုံစံမျိုးကို ဒီ ၅ ခုက လုပ်ပေးနိုင်မလား ကြည့်,ကြည့်ကြရအောင်… 1️⃣1️⃣ Textpattern Textpattern ဟာ ရိုးရှင်းတယ်၊ လွယ်ကူတယ်။ ၂၀၀၃ ခုနှစ်ကတည်းက ရှိလာခဲ့တဲ့ ပလက်ဖောင်းပါ။ သူကလည်း open source ပါ။ စသုံးမယ်ဆို ဘယ်လိုသုံးရမလဲဆိုတဲ့နည်းတွေ ပြထားပါတယ်။ ⬛ အားသာချက်များ လုံးဝ free သုံးလို့ရတဲ့ plugin တွေ၊ template တွေ အများကြီး ပေးထားတယ်။ ထည့်ချင်တာတွေကို စိတ်ကြိုက်တည်ဆောက်လို့ရတယ်။ Section တွေ၊ category တွေ သုံးပြီး သပ်သပ်ရပ်ရပ် ဖွဲ့စည်းတည်ဆောက်လို့ရတယ်။ ကိုယ်တင်နေတာတွေရဲ့ တစ်စိတ်တစ်ပိုင်းကို စာဖတ်သူတွေအနေနဲ့ subscribe လုပ်ထားလို့ရတယ်။ Subscribe လုပ်ထားတဲ့ အရာကို အလိုအလျောက် အမြဲ update လုပ်ပေးတယ်။ ⬛ အားနည်းချက်များ Textpattern ကို hosting ပေးတဲ့ဝဘ်ဆိုဒ် များများစားစား မရှိပါဘူး။ Hosting ပေးတဲ့ ဝဘ်ဆိုဒ်မှာ install လုပ်ရတာ မ...