Posts

Showing posts from May, 2021

၂၀၂၁ မှာ အကောင်းဆုံးနဲ့ ရေပန်းအစားဆုံး CMS ပလက်ဖောင်း ၁၅ ခု (နှိုင်းယှဉ်ပြခြင်း) - အပိုင်း ၁

Image
CMS သုံးပြီး ဝဘ်ဆိုဒ်ရေးဖို့ စဉ်းစားနေသလား။  CMS (Content Management System) ဆိုတာဟာ Code တစ်ကြောင်းမှ နားလည်စရာမလိုဘဲ ဝဘ်ဆိုဒ်တစ်ခုကို အလွယ်တကူ ရေးနိုင်တဲ့ ပလက်ဖောင်းပါ။ ကိုယ့်အလိုနဲ့ ရွေးချယ်နိုင်တဲ့ CMS တွေ အများကြီး ရှိနေပါပြီ။ ဒီဆောင်းပါးမှာတော့ ကိုယ်ရေးမယ့်ဝဘ်ဆိုဒ်အတွက် သင့်တော်မှန်ကန်တဲ့ CMS ရွေးချယ်ဖို့ ဘာကြောင့် အရေးကြီးလဲဆိုတာ ရှင်းပြထားပါတယ်။ CMS ပလက်ဖောင်းတွေကို နှိုင်းယှဉ်ပြီး ကိုယ့်အတွက် အကောင်းဆုံး CMS ကို ရွေးချယ်ကြရအောင်။ CMS ပလက်ဖောင်းဆိုတာ ဘာလဲ အပေါ်မှာ ပြောခဲ့သလိုပဲ ကိုယ်ထည့်ချင်တာတွေကို အလွယ်တကူ ထည့်နိုင်အောင် စီစဉ်ပေးထားတဲ့ ပလက်ဖောင်းအမျိုးအစားပါပဲ။ ပုံမှန်ကတော့ ဝဘ်စာမျက်နှာတွေကို HTML, JavaScript နဲ့ CSS စတဲ့ ပရိုဂရမ်းမင်းဘာသာစကားတွေကို ရေးထားတာပါ။ CMS ကို မသုံးဘူးဆိုရင် အဲ့လို့ ဘာသာစကားတွေလေ့လာဖို့နဲ့ Code တွေ အများကြီး ရေးဖို့လိုပါတယ်။ ပရိုဂရမ်းမင်းသင်စရာမလိုဘူး၊ Code ရေးစရာမလိုဘူးဆိုတာ CMS ပါပဲ။ Code ရေးတာကို သိထားတဲ့ သူတွေအတွက်လည်း အဆင်ပြေတဲ့ CMS တွေ ရှိပါတယ်။ ကိုယ့်ဝဘ်ဆိုဒ်အတွက် အကောင်းဆုံး CMS ပလက်ဖောင်းကို ဘယ်လိုရွေးမလဲ CMS တွေတော့ အများကြီးပဲ။ ဘယ်ဟာကိ...