၂၀၂၁ မှာ အကောင်းဆုံးနဲ့ ရေပန်းအစားဆုံး CMS ပလက်ဖောင်း ၁၅ ခု (နှိုင်းယှဉ်ပြခြင်း) - အပိုင်း ၃

 

အပိုင်း ၂ မှာ ၂၀၂၁ ရဲ့ အကောင်းဆုံးနဲ့ ရေပန်းအစားဆုံး CMS ပလက်ဖောင်း ၁၅ ခုထဲက ပထမ ၅ ခုကို အားသာချက်၊ အားနည်းချက်တွေနဲ့ စျေးနှုန်းတွေကို နှိုင်းယှဉ်ပြခဲ့ပါတယ်။ ဒုတိယ ၅ ခုကို အပိုင်း ၃ အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။


6️⃣ BigCommerce

BigCommerce ကတော့ hosting အပြည့်အဝပါတဲ့ ပလက်ဖောင်းတစ်ခုပါ။ All-in-one ပလက်ဖောင်းလို့တောင် ဆိုကြပါတယ်။ အခုမှ စသုံးမယ်သူတွေအတွက်လည်း အဆင်ပြေပါတယ်။


CMS ပလက်ဖောင်းအရသာကို အပြည့်အဝခံစားရသလို တစ်ဖက်မှာလည်း ကိုယ်ရေးထားတဲ့ ဝဘ်ဆိုဒ်ကို hosting ပေးထားတာ BigCommerce ပါပဲ။ လုံခြုံရေးနဲ့ backup ကိစ္စတွေကိုလည်း BigCommerce က ကိုင်တွယ်ပေးပါတယ်။


⬛ အားသာချက်များ

▪ အစမ်းသုံးလို့ရတဲ့ plan ရှိတယ်။

▪ BigCommerce အမည်ပါတဲ့ domain name ကို free ရတယ်။ ပိုက်ဆံပေးပြီး တစ်ခြားသပ်သပ် domain name လည်း ဝယ်လို့ရတယ်။

▪ အွန်လိုင်းငွေချေ/ငွေယူစနစ်တွေ အများကြီး ရွေးလို့ရတယ်။ PayPal၊ Apple Pay၊ Amazon Pay တို့ ထည့်လို့ရတယ်။ Credit/Debit Card တွေလည်း ထည့်ထားလို့ရတယ်။

▪ BigCommerce ရဲ့ dashboard မှာ ၂၄ နာရီလုံး သုံးလို့ရတဲ့ live chat၊ email၊ phone support၊ community support နဲ့ အခြားအရာတွေ ပါတယ်။

▪ CMS ပလက်ဖောင်းနှစ်ခုလုံးရဲ့ အရသာကို ကောင်းကောင်းခံစားချင်ရင် BigCommerce ကို WordPress နဲ့ တွဲပြီး သုံးကြည့်နိုင်တယ်။


⬛ အားနည်းချက်များ

▪ WooComerce လောက် အများကြီး ကိုင်တွယ်လို့မရဘူး။ ရနိုင်တဲ့ theme တွေ၊ အထူးပြုလုပ်ချက်တွေဟာ အကန့်အသတ်နဲ့ရှိတာမို့ အဆင်ပြေမယ့် တစ်ခြားဟာတွေ ရှာဖွေသုံးရနိုင်ပါတယ်။

▪ သတ်မှတ်ထားတဲ့ အရောင်းပမာဏ(sale)ကို ရောက်တာနဲ့ သုံးနေတဲ့ plan ကို ပိုက်ဆံတိုးကောက်ပါတယ်။ အခြားသုံးစရာတွေ ရှိနေရင် ပိုက်ဆံထပ်သုံးဖို့ အခက်ကြုံနိုင်ပါတယ်။


⬛ ဈေးနှုန်း

BigCommerce ကို သုံးမယ်ဆို လစဉ် ပိုက်ဆံဆောင်ရပါတယ်။ plan တွေအားလုံးမှာ လစဉ်ဆောင်တာထက် တစ်နှစ်တစ်ခါ ဆောင်တာက ပိုတန်ပါတယ်။


လစဉ် ၂၉.၉၅ ဒေါ်လာပဲ ကျတဲ့ ဈေးအသက်သာဆုံး plan အတွက် sale ပေါင်း ဒေါ်လာ ၅,၀၀၀ အထိ ရောင်းလို့ရပါတယ်။ လစဉ် ၂၄၉.၈၅ ဒေါ်လာကျတဲ့ Pro plan မှာဆိုရင် sale ပေါင်း ဒေါ်လာ ၄၀၀,၀၀၀ အထိ ရောင်းလို့ရပါတယ်။ ပြထားတဲ့ plan တွေက ကိုယ်နဲ့အဆင်မပြေရင်လည်း Hotline ဖုန်းကို ခေါ်ဆိုပြီးတော့လည်း ကိုယ်နဲ့အဆင်ပြေတဲ့ပမာဏကို ရွေးချယ်ယူလို့လည်း ရပါတယ်။


▪ ▪ ▪ ▪     ▪ ▪ ▪ ▪


7️⃣ Shopify

Shopify ဟာ all-in-one(domain name & hosting) ပါတဲ့ CMS ပလက်ဖောင်းတစ်ခုပါ။ Hosting ဝယ်စရာမလိုဘူး၊ ဘယ်ဆော့ဖ်မဆို install လုပ်လို့ရမယ်။ Update နဲ့ backup တွေလည်း စီမံခန့်ခွဲလို့ရတယ်။


Drag & drop အပြင်အဆင် ပါတယ်။ အပြင်မှာလည်း စတိုးဆိုင်ရှိတယ်၊ အွန်လိုင်းမှာလည်း ရောင်းချင်တယ်ဆိုတဲ့သူတွေအတွက် အရမ်းအဆင်ပြေပါတယ်။


⬛ အားသာချက်များ

▪ Credit/Debit card တွေနဲ့ ငွေလက်ခံလို့ရတယ်။ အခြား payment တော်တော်များများလည်း ထည့်လို့ရတယ်။

▪ ရွေးလို့ရတဲ့ extension တွေ၊ them တွေ အများကြီး ရှိတယ်။ အခြား third-party app တွေလည်း ဝယ်ထည့်လို့ရတယ်။

▪ BigCommerce တုန်းကလို သတ်မှတ်အရောင်းပမာဏရောက်တာနဲ့ ပိုက်ဆံတိုးကောက်တာမျိုး မရှိဘူး။

▪ Live chat၊ email၊ phone၊ twitter တွေကို ၂၄ နာရီလုံး သုံးလို့ရတယ်။ မသုံးတတ်ရင်လည်း ကိစ္စမရှိပါဘူး။ ဘယ်လိုသုံးရမယ်ဆိုတာ ရေးထားတဲ့ စာအုပ်တွေ၊ ဗွီဒီယိုတွေ ရှိတယ်။


⬛ အားနည်းချက်များ

▪ Third-party app တွေ ထည့်တာများရင် ပိုက်ဆံတော်တော်ကုန်မယ်။

▪ ရိုးရှင်းတဲ့လုပ်ဆောင်မှုတွေလုပ်ပေးတဲ့ app တွေတောင် ရှားပါတယ်။ Shopify မှာ WordPress လောက် plugin တွေ စုံစုံလင်လင် မရှိပါဘူး။


⬛ ဈေးနှုန်း

Plan တွေကတော့ BigCommerce နဲ့ သိပ်မကွာပါဘူး။ တစ်ခုပဲ ကြီးကြီးမားမား ကွာပါတယ်။ သတ်မှတ်အရောင်းပမာဏရောက်တာနဲ့ BigCommerce လို ပိုက်ဆံတိုးကောက်တာမျိုး မလုပ်တာပါ။


ဈေးအသက်သာဆုံး plan က တစ်လမှ ၂၉ ဒေါ်လာတည်းပါ။ တစ်လကို ၂၉၉ ဒေါ်လာပေးရတဲ့ plan တော့ လုပ်လို့ရတာတွေ အများကြီးပါတာပေါ့လေ။ တစ်နှစ်စာ ကြိုဆောင်မယ်ဆိုရင်တော့ discount ရပါတယ်။


▪ ▪ ▪ ▪     ▪ ▪ ▪ ▪


8️⃣ WordPress.com

WordPress.com ဟာ WordPress ရဲ့ hosting ပါ,ပါတဲ့ လုပ်ငန်းသုံး CMS ပါ။ Open source ဖြစ်တဲ့ WordPress.org နဲ့ မျက်စိလည်ကြပါတယ်။


ဘာတွေကွဲသလဲသိချင်ရင် သူတို့ရဲ့ ဝဘ်ဆိုဒ်တွေထဲ ဝင်ကြည့်ပါ။


WordPress.com ဟာ all-in-one CMS ပလက်ဖောင်းပါ။ domain name ဝယ်သုံးနိုင်ပါတယ်။ သူ့နာမည်ပါတဲ့ domain name နဲ့လည်း free သုံးလို့ရပါတယ်။


⬛ အားသာချက်များ

▪ စလုပ်ရတာ လွယ်ပါတယ်။ ထည့်ချင်တာတွေ အလွယ်တကူ ထည့်လို့/ဖန်တီးလို့ရတယ်။ စသုံးသူတွေအတွက် သုံးရလွယ်တဲ့ CMS ပလက်ဖောင်းတစ်ခု ဖြစ်တယ်။

▪ WordPress.com ဆိုတဲ့ အမည်နဲ့ free သုံးလို့ရတယ်။ ကိုယ်ပိုင် Domain name နဲ့ သုံးချင်ရင်လည်း ဈေးအသက်သာဆုံး plan နဲ့ ဝယ်သုံးလို့ရတယ်။

▪ Theme တွေလည်း အများကြီး ရှိတယ်။ Dashboard မှာ သွားရွေးပြီး ပြောင်းလိုက်ရုံပဲ။

▪ ကိုယ့်ဝဘ်ဆိုဒ်က ကြီးလာရင် plan အသစ် ပြောင်းသုံးလို့ရတယ်။ e-commerce အပါအဝင် ပြောင်းလို့ရတဲ့ အသွင်အပြင်/လုပ်ဆောင်ချက်တွေ အများကြီး ရှိတယ်။

▪ Dashboard မှာ ကိုယ့်ဆိုဒ်ကို လူဘယ်နှယောက်ဝင်ကြည့်လဲဆိုတာ ကြည့်လို့ရတယ်။ Business plan သုံးထားရင် Google Analytics ကိုလည်း ယူသုံးလို့ရတယ်။

▪ ပိုပြီးမိုက်တဲ့ ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ WordPress.org ပလက်ဖောင်းကို ပြောင်းချင်တယ်ဆိုရင်လည်း လွယ်လွယ်ကူကူ ပြောင်းလို့ရတယ်။


⬛ အားနည်းချက်များ

▪ Business plan သုံးတယ်ဆိုရင်တောင် monetization ကို အကန့်အသတ်နဲ့ သုံးရတယ်။

▪ ပိုက်ဆံပေး plan မသုံးဘူးဆိုရင် စိတ်ကြိုက် domain name ထားလို့မရဘူး။

▪ Plugin တွေ အများကြီး ရွေးလို့ရတယ်ဆိုပေမယ့်လည်း WordPress.org လောက် မများဘူး။

▪ WordPress.org နဲ့ သုံးတယ်ဆိုရင်တောင် အပြည့်အဝ ထိန်းချုပ်လုပ်ကိုင်လို့ မရဘူး။


⬛ ဈေးနှုန်း

WordPress.com နဲ့ free သုံးလို့ရတယ်။ သူ့နာမည်နဲ့ မသုံးချင်ဘူး၊ သူ့ရဲ့ကြော်ငြာတွေလည်း ကိုယ့်ဆိုဒ်မှာ ပေါ်နေတာ မလိုချင်ဘူးဆိုရင် ပိုက်ဆံပေးပြီး ကိုယ်ပိုင် domain name နဲ့ သုံးလို့ရပါတယ်။

ဈေးအသက်သာဆုံး plan က တစ်နှစ်မှ ၄၈ ဒေါ်လာပဲ ကျတယ်။ အွန်လိုင်းစတိုးတွေအတွက် e-commerce plan တွေအတွက်ဆိုရင် တစ်လကို ၄၅ ဒေါ်လာကျတဲ့ plan တွေ ရှိတယ်။ ဒါ့အပြင် လုပ်ဆောင်ချက်တွေ အများကြီးပါတဲ့ WordPress VIP ဆိုတာတွေလည်း ရှိပါတယ်။


▪ ▪ ▪ ▪     ▪ ▪ ▪ ▪


9️⃣ Ghost

ဘလော့ဂါတွေအတွက် အထူးဖန်တီးထားတဲ့ CMS ပလက်ဖောင်းပါ။ Headless CMS လို့ ထူးထူးခြားခြား ပြောကြပါတယ်။ Headless CMS ဆိုတာ ကိုယ်တင်လိုက်တဲ့ ပို့စ်တွေကို သမားရိုးကျနည်း(နည်းပညာအဟောင်း)နဲ့ စာဖတ်သူတွေဆီ ပို့ပေးတာ မဟုတ်ပါဘူး။

 

ကိုယ်တင်လိုက်တဲ့ အချက်အလက်တွေကို ဝဘ်ဆိုဒ်မှာတင် ပြတာမဟုတ်ဘဲ မိုဘိုင်းဖုန်း app တွေမျိုးတွေဆီပါ ပို့ပေးပါတယ်။ Developer မဟုတ်လည်း Ghost ကို အလွယ်တကူ သုံးလို့ရပါတယ်။

 

⬛ အားသာချက်များ

▪ Ghost Editor မှာပါတဲ့ Markdown ကို သုံးလို့ရပါတယ်။ (Markdown ဆိုတာ စကားလုံးတွေကို bold ဖို့၊ italic ဖို့ အစရှိသဖြင့် စကားလုံးတွေကို တန်ဆာဆင်နိုင်တဲ့ အရာပါ)

▪ WordPress ရဲ့ block editor လိုမျိုး Ghost မှာ card တွေနဲ့သုံးရတဲ့ content editor ပါတယ်။

▪ SEO ပါ တစ်ခါတည်း ပါပြီးသားပါ။ (SEO အတွက် plugin တွေ ထည့်ထားစရာ မလိုပါဘူး)

▪ ပိုက်ဆံပေးပြီး ဖတ်ရတဲ့ အွန်လိုင်းမဂ္ဂဇင်းတွေလိုမျိုး ဖြန့်ဝေချင်တွေဆိုရင် Ghost ဟာ အရမ်းကောင်းတဲ့ ပလက်ဖောင်းပါ။ အလွယ်တကူ လုပ်နိုင်ပါတယ်။

 

⬛ အားနည်းချက်များ

▪ WordPress လောက်တော့ power နဲ့ ပြောင်းလွယ်ပြင်လွယ်ရှိမှုတော့ မရှိဘူး။

▪ အစက ဘလော့ဂ်တွေအတွက် ဖန်တီးထားတဲ့ ပလက်ဖောင်းဖြစ်ပေမယ့် အခုဆိုရင် ပို့စ်တွေကို ဖတ်ချင်ရင် ပိုက်ဆံပေးရမယ်ဆိုတဲ့အတွက် တစ်ချို့စာဖတ်သူတွေကတော့ သိပ်မကြိုက်ကြပါဘူး။

 

⬛ ဈေးနှုန်း

Domain name နဲ့ hosting ကလွဲရင် ပလက်ဖောင်းကို free သုံးလို့ရပါတယ်။ ပလက်ဖောင်း အကြီးကြီးမဟုတ်လို့ host တင်လို့ရမယ့်ဆိုဒ်တွေတော့ များများစားစား မရှိပါဘူး။

Ghost(Pro) ပေါ်မှာ host တင်လို့ရပါတယ်။ တစ်လကို ၃၆ ဒေါ်လာနဲ့ basic plan ရှိပါတယ်။ ဆိုဒ်ကို ကိုင်တွယ်သူတွေ ထပ်ထည့်ချင်ရင်၊ subscriber ဦးရေး ထပ်တိုးစေချင်ရင်တော့ တစ်လကို ၂၄၉ ဒေါ်လာ ပေးရတဲ့ plan ရှိပါတယ်။

 

▪ ▪ ▪ ▪     ▪ ▪ ▪ ▪

 

🔟 Magento

Adobe ဆော့ဖ်ဝဲကုမ္ပဏီရဲ့ စွမ်းဆောင်မှုကောင်းတဲ့ open source e-commerce ပလက်ဖောင်းပါ။ Magento Open Source လို့ ခေါ်တဲ့ hosting account ကနေ free version ကို download ဆွဲယူနိုင်ပါတယ်။

 

ဒီပလက်ဖောင်းကို သုံးမယ်ဆိုရင် SiteGround Magento hosting ကို ရွေးတာက အဆင်ပြေဆုံးဖြစ်ပါလိမ့်မယ်။

 

လုပ်လို့ရတာတွေ အစုံအလင်ပါဝင်တဲ့ Magento Commerce ကိုလည်း ပိုက်ဆံပေးပြီး ပြောင်းသုံးလို့ရပါတယ်။ ဈေးတော့ ကြီးတယ်နော်။

 

⬛ အားသာချက်များ

▪ စိတ်ကြိုက် ပြင်ဆင်လို့ရတယ်။ ထပ်ထည့်ချင်ရင် third-party extension တွေ အများကြီး ရှိတယ်။

▪ ကုန်ပစ္စည်းတွေ၊ ဖောက်သည်တွေ အများကြီး ကိုင်တွယ်လို့ရတယ်။ ကိုယ့်လုပ်ငန်း ကြီးထွားလာတာနဲ့အမျှ ဆိုဒ်က လေးသွားတာမျိုး မရှိပါဘူး။

▪ Nike၊ Ford နဲ့ Coca Cola တို့လို့ နာမည်ကြီးဘရန်းတွေရဲ့ ဝဘ်ဆိုဒ်တွေကို Magento နဲ့ ရေးထားတာပါ။

▪ ငွေလက်ခံ/ငွေရှင်းစနစ်တွေ အများကြီးတော့ ချိတ်ဆက်လို့မရပါဘူး။ PayPal, ငွေအရောက်ရှင်းနဲ့ ဘဏ်နဲ့လွှဲတာတွေ ရပါတယ်။

 

⬛ အားနည်းချက်များ

▪ E-commerce ကို အခုမှ စသုံးမယ်ဆိုရင် Magento က နည်းနည်း ရှုပ်နေနိုင်ပါတယ်။

▪ Magento ကို ကောင်းကောင်းကိုင်တွယ်နိုင်တဲ့ developer ရှားပါလိမ့်မယ်။ ငှါးခကလည်း စျေးကြီးနိုင်ပါတယ်။

▪ Magento open source ကို သုံးမယ်၊ အွန်လိုင်းဖိုရမ်တွေကို မှီငြမ်းမယ်/အကူအညီယူမယ်ဆိုရင် ရနိုင်တဲ့အကူအညီက ပြောပလောက်အောင်တော့ ဖြစ်မှာမဟုတ်ပါဘူး။

 

⬛ ဈေးနှုန်း

Magento Commerce က ဈေးချိုတဲ့ထဲတော့ မပါဘူး။ တကယ်တော့ Magento website ကိုယ်တိုင်က ဘာတွေသုံးရလို့ ဒီလောက်ကျနေတာပါလို့ ထုတ်မပြောလို့ ဈေးကြီးနေရတာပါ။

 

တစ်နှစ်ကို ၂၂,၀၀၀ က စပါတယ်။ စွမ်းဆောင်ရည်အရမ်းကောင်းတဲ့ e-commerce ဆိုဒ်တစ်ခု ရေးချင်တယ်/ရှိထားချင်တယ်ဆိုရင်တော့ ရွေးချယ်စရာပါ။

(ဒါပေမယ့် တော်တော်များများကတော့ WooCommerce၊ Shopify နဲ့ BigCommerce တို့ကိုပဲ ပြောင်းသုံးနေကြပါတယ်။)


မူရင်းကို ဖတ်လိုလျှင်


ဘကြီးဖြိုး ပြန်ဆိုသည်။

ဇွန် ၂၊ ၂၀၂၁


Comments